Tuesday, June 9, 2015

သုပ်လွှတ်စောခြင်း အမေးအဖြေ

Q: အသက်၂၂-၂၃ နှစ် အိမ်ထောက်ကျခါစ သုတ်လွှတ်စောနေလို့ မေးလာတဲ့ မေးခွန်း။ ယောက်ျားလေးက ငယ်စဉ်မှာ (မာစတာဘေးရှင်း) လုပ်ခဲ့လိုများလားလို့ ထင်နေပြီး၊ ဇနီးကတော့ အရမ်းကောင်းတဲ့ ခံစားမှုတော့ ရပေမဲ့ ပြီးဆုံးတဲ့အဆင့် မရောက်နိုင်ဘူး လို့ဆိုပါတယ်။ A: ခင်ဗျားတို့ အဆင်ပြေမှာပါဆိုတာ စာဆက်မဖတ်ခင် အရင်မှတ်ပါခင်ဗျား။ အသက်၂၃ နှစ် သက်တူရွယ်တူတွေဆိုတာ သင့်မြတ်တဲ့ အိမ်ထောင်သည် ဆက်ဆံရေးဘ၀မျိုး ဖြစ်ပါတယ်။ အတွေ့အကြုံ တခါမှ မရှိခဲ့ဘူးသူတွေဖြစ်တာလဲ အလွန် အဆင်ပြေပါတယ်။ အိမ်ထောင်သက်နုချိန်မှာ အရမ်းကောင်းတဲ့ (ဖီလင်) အထိရောက်ရင်ကို တော်လှပြီလို့ ပြောနိုင်ပါတယ်။ အကြီးအကျယ် စိတ်ဆင်းရဲတာကို လုံးဝဖျက်လိုက်ပါ။ သာမန်ကာရှန်ကာ အားပေးတာ မဟုတ်ပါ။ သုတ်လွှတ်တာ အရမ်းမြန်နေသေးတာက ပုံမှန်ဖြစ်ပါတယ်။ နောက်ကြောင်းကိစ္စ ဘာတခုခုကြောင့်မှ မဟုတ်နိုင်ပါ။ Masturbation လုပ်တာကြောင့် ဘာမှ ပြဿနာမရှိပါ။ အဲလိုထင်နေတာကို ဖျောက်ပြစ်လိုက်ပါတော့။ သူ့က မပြီးဘူးဖြစ်နေတာက ပိုပြီး နော်မယ် ဖြစ်တယ်။ တချို့အိမ်ထောင်ကျ အမျိုးသမီးတွေ နှစ်တွေ ကြာလာတာတောင်မှ Orgasm ပြီးတယ်ဆိုတာကို မသိကြပါ။ ဒီလိုဖြစ်တာကို ကြားဘူးနားဝ ရှိနေသူဆိုရင် ခံစားကြည့်ဘူးချင်မှာပေါ့။ အများစု အမျိုးသမီးများဟာ Orgasm မရပေမဲ့ အလိုမကျဘူး၊ ဖေါက်ပြန်ချင်တယ် ဆိုတာက ရှာမှရှားဖြစ်ပါတယ်။ အနောက်နိုင်ငံ တွေမှာတောင် ၁ဝ-၂ဝ% တခါမှ မဖြစ်ဖူးဘူး၊ ၅ဝ%က ဆက်ဆံတိုင်း မပြီးကြဘူးလို့ ဆိုပါတယ်။ ဗမာပြည်မှာ ဒီထက် % တွေများအုံးမယ်။ အမျိုးသမီးတွေက ယောက်ျားတွေနဲ့ မတူပါ။ အမြဲတမ်း Orgasm ရဘို့ မလိုပါ။ နီးစပ်တဲ့အဆင့်ဆိုရင် ကျေနပ်ကြပါတယ်။ တခါပြီးတာမြန်သွားရင် နောက်တခါ ဆက်ဆံပေးပါ။ တခါထက်တခါ ကြာလာမှာ သေခြာပါတယ်။ ထုံဆေး၊ Xylocaine သုံးကြည့်ချင်လဲ သုံးနိုင်ပါတယ်။ ပြည်တွင်းမှာ ဘယ်လို အမျိုးအစားရမယ် သိပ်မသိပါ။ Burocaine လို့ BPI ကထုတ်ဘူးတယ်။ ထိုးဆေး၊ လိမ်းဆေး၊ ပန်းဆေး၊ အမျိုးမျိုးကို ဒီနာမည်နဲ့လာပါတယ်။ ၂%၊ ၅% ဘာဖြစ်ဖြစ် ရတယ်။ ထိုးဆေးပုလင်းထဲက ဆေးရည်ကို အရေပြားပေါ် တင်တာရော၊ မျက်စဉ်းအဖြစ်ရော သုံးနိုင်လို့ အန္တရာယ်မရှိပါ။ ၃-၅ မိနစ်ဆို ထုံလာတယ်။ ပန်းအဖျားမှာ သုတ်လိမ်းပေးပါ။ အရေပြားကနုလို့ ပိုမြန်မြန်ထုံလာစေနိုင်တယ်။ လိမ်းဆေးက ညှစ်ဘူးနဲ့ လာတာာ။ အားကစားသမားတွေ ထိခိုက်မိရင် ပန်းပေးတာမျိုးကလဲ ထုံဆေးဘဲ၊ ဒါပေမဲ့ အေးခဲသွားစေတာမျိုး ထည့်ထားတာ။ ဒါ့ကြောင့် ရိုးရိုးထုံဆေးသာ သုံးပါ။ ထုံဆေးကြောင့် ခံစားမှုမရှိ ဖြစ်နေမှာ။ တခုသတိထားဘို့က ခံစားမှု ကောင်းလွန်းလာတာကို စိတ်နဲ့ပါ ထိန်းလို့လဲ ရတယ်။ အလေ့အကျင့်တော့ လိုတာပေါ့။ အဲဒီအချိန်မှာ စိတ်ကို ပြောင်းရတယ်။ ပြောင်းတာကိုလဲ အင်္ဂါညှိုးသွားတဲ့ အထိတော့ မလုပ်နဲ့ပေါ့။ ထုံဆေးကြောင့် ဘာနောက်ဆက်တွဲမှ မဖြစ်နိုင်ပါ။ သိပ်ရှားရှားပါပါး ဆေးမတည့်သူတော့ ရှိနိုင်တယ်။ ဘယ်ဆေးမှာမဆိုဖြစ်တတ်တာမျိုးပါ။ မတည့်ရင် ယားယံ၊ နီရဲတာသာ ဖြစ်ပါတယ်။ ဆရာ့အမြင်ကတော့ ဆေးမလိုဘဲ အဆင်ပြေလာမှာပါ။ တခြားစားဆေး၊ အားဆေးစတာတွေ အားကိုးဘို့ မလိုပါ။ Viagra ဆေးက ပန်းညှိုးချင်သူတွေအတွက်ပါ။ ပုံမှန် ကျန်းမာရေးကောင်းနေရင် ရပါတယ်။ ဗီတာမင် ဘီအုပ်စု၊ ဒါမှမဟုတ် (မာလ်တီဗီတာမင်) စားဆေးတခုခု သောက်နိုင်ပါတယ်။ အရပ်စကားအရ ငှက်ပျောသီး၊ ကြက်ဥ စတာတွေက စိတ်ထက်သန်စေဘို့ ရည်ရွယ်ပုံ ရပါတယ်။ နှေးစေဘို့ မဟုတ်လောက်ပါ။ Oral practice ကို နှစ်ယောက်စလုံးက ရောဂါရှင်းရင် သုံးပါ။ တခုသတိထားပါ။ ယောက်ျားကို မိန်းမကနေ လုပ်ပေးရင် ယောက်ျားအင်္ဂါ မြန်မြန်သန်မာလာသလို မထိန်းတတ်ရင် အဲဒီအဆင့်မှာကို သုတ်လွှတ်ချင်လာလိမ့်မယ်။ အမျိုးသမီးကနေ ပါးစပ်နဲ့သာ လုပ်ပေးယုံမက လက်ကပါ မာစတာဘိတ် လုပ်ပေးသလို လုပ်ပေးရတယ်။ တိတိကျကျ ပြောရရင် ပါးစပ်တလှည့်၊ လက်တလှည့် လုပ်ပေးတာပါ။ အဲဒီအချိန်မှာ ယောက်ျားအဖို့ သိပ်ကောင်းတဲ့ ခံစားမှု ရှိလာမယ်။ မိမိဖါသာ မာစတာဘိတ် လုပ်တာက အနှေးအမြန်၊ အထိအတွေ့ကို ထိန်းတတ်ပေမဲ့ မိန်းမက လုပ်ပေးတဲ့အခါ ကိုယ်ကနေ ပြောပြပေးဘို့ လိုလာမယ်။ နေအုံး၊ နာအုံး၊ စသဖြင့် ပြောရမယ်။ မဟုတ်ရင် ကိုယ်က တခါတည်း ပြီးစီးသွားမယ်။ အခုလိုအခြေအနေမျိုးမှာ ယောက်ျားကနေ မိန်းမကိုလုပ်ပေးတာက ပိုသင့်ပါမယ်။ ရှင်းအောင်ရေးရရင် မိန်းမရဲ့ အင်္ဂါမှာ နှုတ်ခမ်းကြွက်သား အတွင်းအပြင်ရယ်၊ အဝရယ်၊ အစိနေရာရယ်ကို ထိမိစေသင့်တယ်။ အဓိကကတော့ အဝအထက်နားက အစိနေရာတ၀ှိုက်ကို ထိမိစေသင့်တယ်။ အဲဒီနေရာက အာရုံခံမှု အများဆုံးဖြစ်တယ်။ သတိထားဘို့က အမျိုးသမီး တယောက်နဲ့ တယောက် မတူတာရှိတယ်။ တချို့က အစိကို လက်နဲ့ ပွတ်သပ်တာကို သိပ်မခံနိုင်ဘူး။ လျှာနဲ့ဆို ရတယ်။ တချို့က ဘယ်လိုဖြစ်ဖြစ် ရတယ်။ မနာကျင်စေအာင် လုပ်ပေးရပါမယ်။ လျှာက နူးညံ့တယ်။ သူက သဘောကျတယ် ဆိုတာကို လုပ်ပေးသင့်တယ်။ အမျိုးသမီးကို အဲလို မိမိလျှာနဲ့ သာယာစေအောင် လုပ်ပေးနေချိန်မှာ ကိုယ့်သာယာမှုကို ဘေးချိတ်ထားဘို့ ဖြစ်ပါတယ်။ အဆင့် တိုးတက်လာရင်တော့ နှစ်ယောက်လုံးက အပြန်အလှန် တပြိုင်နက်တည်း လုပ်ပေးတာ လုပ်လို့ရမယ်။ 69 လို့ ခေါ်တာပေါ့။ စောစောပိုင်းမှာ သူ့သာယာမှု အတွက်သာ ရည်ရွယ်ပါ။ သူအနေနဲ့ သာယာမှု တဝက်လောက်အထိ ရောက်လာမှ အင်္ဂါချင်း ထိတွေ့တာကို ဆက်ပေးတဲ့သဘောဖြစ်ပါတယ်။ ထပ်ဖြည့်ပါမယ်။ အမျိုးသမီးကို (ဖိုးပလေး) ဦးစားပေးပါ။ သူစိတ်ပါလာအောင် နည်းတွေသုံးပါ။ အကြား၊ အသံ၊ အမြင်၊ အနံ့ စတာတွေကို လွယ်တာ၊ လက်လှမ်းမီတာ လုပ်ပေးပါ။ ကိုယ်ခန္ဓာကို ထိတွေ့ပွတ်သပ်မှုကို ရင်သား၊ တင်ပါးစသဖြင့်။ ရင်သားကို အချိန်ယူသင့်ပါတယ်။ သူ့အင်္ဂါ စိုစွပ်လာစေမယ်။ သိပ်တော့အချိန် မများသင့်သေးပါ။ ဘာလို့လဲဆိုတော့ တယောက်ကဖြစ်ဖြစ်၊ နှစ်ယောက်လုံးဖြစ်ဖြစ် (ဖိုးပလေး) လုပ်တာနဲ့ နောက်အဆင့်တက်ဘို့ သိပ်ဆန္ဒ များလာရင် တကယ်စတာနဲ့ အလောတကြီး ဖြစ်မယ်၊ သာယာမှုတော့ သိပ်ကောင်းမယ်။ ဒါပေမဲ့ မြန်မြန် ပြီးတတ်နိုင်တယ်။ ဒါ့ကြောင့် ယောက်ျားအတွက် မဟုတ်စေအာင် လုပ်သင့်တယ်။ သူ့အတွက် ဦးစားပေးပါ။ နောက်ထပ်ဆင့် အကြံပေးရရင် အမျိုးသမီးက ဆက်ဆံနေချိန်မှာ သူ့သဘောကျအတိုင်း လှုပ်ရှားပေးသင့်တယ်။ သူ့ရဲ့ အာရုံခံ အကောင်းဆုံးဖြစ်တဲ့ အစိကို ကျားအင်္ဂါနဲ့ ထိပွတ်မှုဖြစ်အောင် အမျိုးသမီးက သူ့ခါးကို ပြင်ပေးတာမျိုးပါ။ သူဘဲ သိပါလိမ့်မယ်။ သူသဘောကျတာကို လုပ်ဖြစ်အောင် အားပေးပါ။ ယောက်ျားက အလိုက်သင့်သာ နေပေးယုံဖြစ်ပါတယ်။ ယောက်ျားရဲ့ ထိပ်ဖျား၊ အထူးသဖြင့် ကွမ်းသီးခေါင်း အကားဆုံးနေရာကို ထိထိမိမိ မဖြစ်စေအောင်သာ ဆင်ခြင်ပါ။ ကျားအင်္ဂါရဲ့ အရင်းပိုင်းကို အသုံးချသင့်တယ်။ ကျားအင်္ဂါကို အဆုံးအထိ ထည့်ထားပေးရတာမို့ အမျိုးသမီးကလည်း သဘောကျမယ်။ ကျားအင်္ဂါရဲ့ အတံအပေါ်ပိုင်းနဲ့ မ-အစိတို့ ထိတိုက်မှုဖြစ်အောင် လုပ်တာပါ။ အဲလိုလုပ်တာက ကျားအင်္ဂါရဲ့ ထိပ်ဖျား အောက်ပိုင်းနေရာကို လွှတ်ထားရာကျမယ်။ ကျားမှာ အဲဒီနေရာက အာရုံခံ အများဆုံးဖြစ်လို့ စိတ်ထိန်းနိုင်စေတယ်။ တယောက်ယောက်က အဖြူဆင်းမနေရင်၊ ဆီးမအောင့်ရင်၊ အနာအဆာမရှိရင် ပုံမှန်သန့်ရှင်းရေး လုပ်တာနဲ့ လုံလောက်ပါတယ်။ ကျန်းမာ-ချမ်းသာကြပါစေ။ Dr. တင့်ဆွေ ၂-၂-၂ဝ၁ဝ

No comments:

Post a Comment